ဦးပီတိနှင့် သူ၏ဇာတ်ကားများ

ရုပ်သံအရည်အသွေးက မြင့် အချပ်ကလည်း တစ်ချပ်တည်း ဈေးကလဲ 450 တဲ့ ....

သရီး(အင်)ဝမ်း

ဈာဟိန်း နဲ့ ဝေအောင် မှာအဆောင်တူ အခန်းဖော်သူငယ်ချင်းဖြစ်ကြတယ်. ကျော်မိုးလွင်နဲ့လည်း ငယ်သူငယ်ချင်းများဖြစ်ကြတော့ ဈာဟိန်း ရဲ့ချစ်ရတဲ့မိန်းကလေးနာမည်မှာ ခိုင် ဖြစ်လေရဲ့၊ ဝေအောင်ချစ်ရတဲ့မိန်းကလေးမှာ ထက် ဖြစ်နေပြီး ကျော်မိုးလွင် ချစ်ရတဲ့သူကတော့ မင်း ဖြစ်ဖြစ်ပါတယ်.. တစ်နေ့! သူတို့ချစ်တဲ့ကောင်မလေးကို စာပေးရန်အတွက်စာရေးပေးသူ ဈာဟိန်း မှာ အတူတူရေးပေးခဲ့မိရာမှ အစပြုလို့ သူတို့ချစ်တဲ့မိန်း ကလေးက တစ်ယောက်တည်းဆိုတာ သိလိုက်ရတော့.. ကျော်မိုးလွင်က သူငယ်ချင်းတွေကိုဦးစားပေးရင်း နောက်ဆုတ်ခဲ့ပေမယ့်၊ ထက်မင်းခိုင် မှာ ဇွဲမလျော့တက်တဲ့ ဈာဟိန်း နဲ့ ဝေအောင် တို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးချယ်မလဲ…

ချစ်လှစွာသောအမုန်း

ခါ နဲ့ မိုးစက်မှာ ငယ်သူငယ်ချင်းဖြစ်တာကြောင့် နားလည်မှုအပြည့်နဲ့နေလာခဲ့ပေမယ့် မိုးစက် ရဲ့ဖခင်မှာ အမုန်း ဆိုတဲ့ကောင်မလေးတစ်ယောက်ကို လက်ထပ်လိုက်ရာကအစ.. မိုးစက် မှာ ဆင်းရဲနွမ်းပါးပြီးအူကြောင်ကြောင်နိုင်လွန်းတဲ့ အမုန်း ကိုမိထွေးအဖြစ် ဘယ်လိုလက်ခံရမလဲ …. အမုန်း မှာ မိုးစက် ရဲ့ဖခင်နဲ့လမ်းခွဲပြီး ခါ ကိုချစ်မိခဲ့တော့ အချစ်ဆိုတာသိလိုက်ရတော့ ခါ ကိုပိုင်ဆိုင်နိုင်ပါ့မလား … မိုးစက် ကကော ခါ ကိုအမုန်း နဲ့သဘောတူကြည်ဖြူနိုင်ပါ့မလား ……

လှလေးစိန်ရဲ့လှလေးစိန်

လူတွေကို ခင်မင်ကူညီတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ ဘုန်းကြီးကျောင်းသား လှလေးစိန် မှာ ဘွားလေးသက် ရဲ့အကူညီတောင်းခံမှုကြောင့် ဘွားလေးသက်ရဲ့ မြေးနှစ်ယောက်ကို ရှာပုံတော်ဖွင့်ဖို့ ရန်ကုန်ကိုလာရင်း ငယ်သူငယ်ချင်း ခင်နှင်းဆီ နဲ့တွေ့ဆုံကာ မြေးနှစ်ယောက်ကိုတွေ့ရှိပြီးရွာကိုပြန်ခေါ်ခဲ့ရာ လှလေးစိန် ရဲ့လူတစ်ဖက်သားကို ကူညီတတ်တဲ့စိတ်ကြောင့် မထင်မှတ်ဘဲ ချစ်ရတဲ့ ခင်နှင်းဆီ နဲ့လွဲမှန်းမသိလွဲခဲ့ရာတော့ လှလေးစိန်တစ်ယောက် ခင်နှင်းဆီ ကိုလက်လွတ်ဆုံးရှုံးရမှာလား အဲဒီအလွဲကကောဘာလဲ ….

ပါဏာတိပါတာ

ဘဟိန်း မှာပညာမတတ်ပေမယ့် မိသားစုကိုရိုးရိုးသားသား လုပ်ကျွေးနေပေမယ့်ဘဟိန်း ရဲ့အကျင့်မှာရပ်ကွက်ထဲကိစ္စများကို နေရာတကာဝင်ပါမိတာကြောင့် ဇနီးဖြစ်သူ ခိုင်ခိုင်ကြည် မှာဆုံးပါးခဲ့ရတော့ သမီးဖြစ်သူ နှင်းစက် မှာဖခင်ဖြစ်သူ ဘဟိန်း ကိုစက်ချုပ်သမဘဝနဲ့ လုပ်ကိုင်ကျွေးမွေးပြီး မောင်နှစ်ယောက်ကို စောင့်ရှောက်ပြီး မထင်မှတ်ဘဲ သာယာအေးချမ်းနေတဲ့ နှင်းစက် ဘဝထဲကို ရဲရင့် နဲ့ ပတ်သတ်မိရာကအစပြုပြီး ကံကြမ္မာဆိုးတစ်ခုကဝင်ရောက်ခဲ့တော့ ဘဟိန်း မှာဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ …. ပါဏာတိပါတာ ဆိုတဲ့အဓိပ္ပါယ်ကိုကော ဘယ်လိုပုံဖော်မလဲဆိုတာ …

ကျွန်မကမ္ဘာပြိုသောအခါ

ကျေးဇူးရှင်ရဲ့သမီးကို သိပ်ချစ်မိခဲ့ပြီး လက်ထပ်ခွင့်ရတဲ့ မောင်ထူး မှာ ယော ကိုလိုလေသေးမရှိ ဂရုစိုက်တတ်တဲ့ မောင်ထူး မှာကကံကြမ္မာစိုးတစ်ခုကို မထင်မှတ်ဘဲ ပိုင်ဆိုင်လိုက်ရတာကြောင့် ခင်ပွန်းကို မြတ်နိုးတန်ဖိုးထားတဲ့ ယောတစ်ယောက် ဘယ်လိုခံစားရမလဲ …. မောင်ထူးကကော ယော ရဲ့အနားကနေ ပျောက်ကွယ်သွားပါ့မလား ….. ယော ရဲ့ခံစားချက်ကို တိုးလတ် ဘယ်လိုတွေ ဝိုင်းပြီးခံစားသွားမလဲဆိုတာ ….

ရည်းစားဦး

စိတ်ဝေဒနာရှင်ဖခင်ကို ကာကွယ်စောင့်ရှောက်ရင်း ကိုယ်ပိုင်ဂီတအဖွဲ့မှာ အဆိုရှင်နေရောင်မှာ မွေးရာပါကြွက်သားနဲ့ အာရုံကြောအားနည်းတဲ့ဝေဒနာကို ခံစားနေရတဲ့ ဖြူ ဆိုတဲ့ကောင်မလေးကို ချစ်မိတာကြောင့် ဘယ်လိုပျော်ရွှင်အောင်ထားမလဲ … ဖြူ ရဲ့မိခင်ကကော နေရောင်နဲ့သဘောတူပါ့မလား … ဖြူ ရဲ့မိခင်ဒေါ်နှင်းဖြူ နဲ့ နေရောင် တို့နှစ်ဦးကြားမှာ ဘယ်လိုလျှို့ဝှက်ချက်ရှိနေမလဲ ….