ဦးပီတိနှင့် သူ၏ဇာတ်ကားများ

ရုပ်သံအရည်အသွေးက မြင့် အချပ်ကလည်း တစ်ချပ်တည်း ဈေးကလဲ 450 တဲ့ ....

ဘောစိ

ယနေ့ခေတ်မှာ ရေပန်းအစားဆုံးစကား လူတိုင်းဖြစ်ချင်နေတဲ့ဘ၀ အဲဒီနာမည်အခေါ်ခံရတာကိုပဲ မိမိကိုယ် မိမိယုံကြည်ချက်ရှိသူတစ်ဦးပီပီ အားလုံးရဲ့ပါးစပ်ဖျားကနေ တသသဖြစ်နေကြတဲ့စကားအခေါ်အဝေါ် အဲဒီအရာကတော့ ဘောစိ…… ကိုကျော်ဝင်းမောင်က ထိုသို့အခေါ်ခံရတာကို ကျေနပ်နေသူတစ်ဦးဖြစ်ပြီး အဲလိုအခေါ်ခံရဖို့ကိုပင် မိမိရဲ့ဘ၀ ကိုရင်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက်ကြီးကြီး မိန်းမကြီးတစ်ဦးကို မရမက၀င်အောင်းပြီးဘောစိ ဆိုတဲ့ဘွဲ့ကိုခံယူလိုက်ပါတယ်။ ယူထားတဲ့ဇနီးမယာကလဲ အရပ်ကပု၊ ပုံစံကလဲဂွမ်းတာကြောင့် မလွမ်း လောက်သော်လည်းပိုင်ဆိုင်မှုက ဘီလျံနာဖြစ်တာကြောင့် ကျော်ဝင်းမောင်တစ်ယောက်ဝင်တာမီယာမှာ ကောင်းကောင်းနေနေရပါတယ်။ လင်မယားနှစ်ယောက်အတူတူ ကားပင်မစီးချင်သော်လည်း Mark X ကို မျက်စိမှိတ်ပြီး ဇိမ်ကျနေတဲ့ အဲဒီဘ၀ကိုပဲ ကျော်ဝင်းမောင်တစ်ယောက်ကျေနပ်နေပါတော့တယ်။ အများက ဘောစိ.. ဘောစိဖြင့်…

ရည်းစားလာ ဂါထာရွတ်တဲ့ လိပ်ပြာ

ကျော်ကျော်ဝင်းမြင့် မှာအိမ်သဘောတူထားပေမယ့်အချစ်စစ်ကိုလိုချင်တာကြောင့် ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရဖို့အတွက်မြားနတ်မယ်အဖြစ်ကူညီပေးတဲ့ မာမာ နဲ့ပေါင်းကာ ပင်လယ်ဖြူ ရဲ့အချစ်ကိုဟာသဆန်ဆန်လေး ဘယ်လိုတွေကြိုးစားသွားမလဲ … အမှန်တကယ်ပဲ ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရပါ့မလား … မြားနတ်မယ်အဖြစ်ကူညီနေတဲ့ မာမာ ရဲ့အချစ်ကဘယ်သူ့ဆီကိုရောက်သွားမလဲ ….

သည်းခြေကြိုက်

သူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီး အိမ်အတွက်သူခိုးအလုပ်ကိုလုပ်ရင်းငွေရှာခဲ့တဲ့ ထက် မှာချစ်သူ ယွန်း ကိုအသိမပေးဘဲနေခဲ့ပေမယ့် ယွန်း မှာအိမ်ကပေးစားတဲ့ မြင့်မိုရ် ကိုလက်ထပ်ခဲ့ရတာကြောင့် ထက် မှာမသိဘဲ မြင့်မိုရ် ရဲ့အိမ်ကိုသွားခိုးခဲ့ရာ ချစ်သူ ယွန်း မှာ မြင့်မိုရ် ရဲ့ရင်ခွင်ထဲမှာတွေ့လိုက်ရတော့ ထက် ဘာဆက်လုပ်မှာလဲ …. ယွန်း ကကောသူခိုးလုပ်စားနေတဲ့ ထက် ကိုခွင့်လွှတ်နိုင်ပါ့မလား ….

ကျွန်တော်နှင့်ဆွေတော်မျိုးတော်များ

ရွှေရည် ရဲ့ရွှာကဆွေမျိုးတွေအိမ်ကိုတစ်ယောက်ပြီးတစ်ယောက် လာရောက်တည်းခိုရာကအစပြုပြီး ဆွေမျိုးများရဲ့နည်းမျိုးစုံဒုက္ခပေးခြင်းကို သူရိန် တစ်ယောက်ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ရပေမယ့် နောက်ဆုံး သူရိန် တစ်ယောက်ဆွေမျိုးများကိုသည်းမခံနိုင်တော့တဲ့အဆုံးမှာ ရွှေရည် ကိုချစ်ပေမယ့်လည်း ဆွေမျိုးတွေကိုဘယ်လိုအိမ်ပေါ်ကနှင်ချမလဲဆိုတာ ဟာသဆန်ဆန်လေးဘယ်လို ကြည့်ရမလဲ ….

မချစ်တက်ရင် သင်ပေးမယ်

အလွန်အမင်းရစ်နိုင် သဝန်တိုနိုင်တဲ့ချစ်သူ မယ်ယမုံ ကိုချစ်မိနေတဲ့ ရဲရင့်သူ မှာ မယ်ယမုံ ကိုသည်းခံခွင့်လွှတ်နိုင်ပြီး အိမ်ကသဘောတူထားတဲ့ ညိုညိုဇင် နဲ့ ရဲရင့်သူ ကိုထုံးစံအတိုင်းသဝန်တိုတတ်တဲ့ မယ်ယမုံ မှာ သဝန်တို ရစ်ခဲ့ပေမယ့် ရဲရင့်သူ မှာသည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်တဲ့နေ့ကိုရောက်လာခဲ့တော့ ရဲရင့်သူ မှာ မယ်ယမုံ နဲ့ပတ်သတ်ပြီးဘယ်လိုတွေဆုံးဖြတ်မလဲ … လမ်းခွဲမလားဆိုတာ… ညိုညိုဇင် မှာလည်း သိပ်ချစ်တဲ့ချစ်သူနှစ်ဦးအပေါ်ဘယ်လိုတွေဆုံးဖြတ်ချက်ချမလဲ …

တံခါးလေးစေ့ထားရုံ

ရာစု မှာရည်းစားများပေမယ့် မေ နဲ့မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပေမယ့် ရာစု နဲ့ မေ မှာလိုတာထက်ပိုပြီး သံယောဇဉ်တွေဖြစ်ခဲ့ရတာကြောင့် သူငယ်ချင်းဆိုတဲ့ စည်းခြားနေခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ဖွင့်မပြောဘဲနေလာခဲ့ရင်း နှစ်ပေါင်းများစွာကြာလာခဲ့တော့ မေ ရဲ့ရည်မှန်းချက်အတိုင်း Fashion Designer တစ်ယောက်ဖြစ်ခဲ့သည့်တိုင် ရာစု နဲ့ မေ မှာ ချစ်သူတွေမဖြစ်ခဲ့ဘဲနေလာခဲ့ရင်း တစ်နေ့ ရာစု မှ မေ ကိုချစ်ရေးဆိုလိုက်ချိန်မှာတော့ မေ ကပြန်ချစ်နိုင်ပါတော့မလား …. ဒါမှမဟုတ် မေ ကဘယ်သူနဲ့လက်ထပ်မလဲဆိုတာ …..