ဦးပီတိနှင့် သူ၏ဇာတ်ကားများ

ရုပ်သံအရည်အသွေးက မြင့် အချပ်ကလည်း တစ်ချပ်တည်း ဈေးကလဲ 450 တဲ့ ....

အမည်ပေါက်နှင့်ကျူး

“ဘဝမလှပေမယ့်စိတ်ထားလှတဲ့ ချမ်းသာ နဲ့ ပတ္တမြား တို့မှာ ကျူး မှာနေထိုင်ရင်းကျရာအလုပ်ကိုလုပ်နေခဲ့ပေမယ့်သူတို့နှစ်ယောက်ရဲ့ဘဝထဲကိုမဖိတ်ခေါ်ဘဲကလေးတစ်ယောက်မွေးစားဖို့ဖြစ်လာခဲ့တော့ ချမ်းသာ နဲ့ ပတ္တမြား တို့အပြင်ကျူးရဲ့စည်းလုံးမှုကြောင့်ကလေးလေးကိုပြုစုနိုင်ခဲ့ပေမယ့်ကလေးရဲ့နောက်ကြောင်းရာဇဝင်ကြောင့် အမည်ပေါက်နဲ့ကျူး ဆိုပြီးဘယ်လိုဖြစ်ပေါ်လာမလဲ…ချစ်ခြင်းမေတ္တာတရားက အမည်ပေါက်နဲ့ကျူးရဲ့အားပြိုင်မှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာ…”

ရပ်ကွက်ဘုရင်မ (၂)

“သူဌေးကြီး ဦးပလာတာ မှာမိန်းမအများကြီးယူခဲ့ရာနောက်ဆုံး တင်တင်စိန် ဆိုတဲ့ မိန်းမကိုယူပြီးနောက်ပိုင်းဆုံးပါးသွားတော့ ဦးပလာတာ ရဲ့ လျှို့ဝှက်ထားတဲ့ရတနာမြေပုံ မှာတစ်ခုတည်းမဟုတ်ဘူး ၄ စိပ်ဖြစ်နေခဲ့ပြီး တစ်နေရာဆီကိုရောက်နေခဲ့ရာကအစပြုပြီး တစ်နေရာဆီရောက်နေတဲ့ ရတနာမြေပုံမှာ တစ်နေရာတည်းဖြစ်ဖို့အတွက်ဘယ်လိုဟာသတွေဆန်ပြီးဂယက်ထနေကြမလဲ … လောဘသားကောင်တွေနဲ့ ရတနာမြေပုံ ဘယ်လိုတွေဂယက်ထမလဲဆိုတာ ….”

သူမိုက်ကိုယ်မိုက်

“ဘချစ် နဲ့ လင်းအောင် တို့မှာမတည့်ကြတဲ့သူတွေဖြစ်ပြီးသူမိုက်ကိုယ်မိုက်အကြောင်းပြောရင်းထုံးစံအတိုင်းရန်ပွဲထဖြစ်ခဲ့ရာသူကြီးကိုတိုင်ခဲ့တော့ ဘချစ် ၊ လင်းအောင်ဒေါ်စိန်တုတ် နဲ့ သက်နိုင် တို့ရဲ့ပြဿနာကိုဖြေရှင်းအပြစ်ပေးရင်း လှမေ ဆိုတဲ့ကောင်မလေးတစ်ယောက်ရွာကိုရောက်လာခဲ့ရာကအစပြုပြီး ဘချစ် ၊ လင်းအောင်သက်နိုင် နဲ့ နေကျော် တို့အပြိုင် လှမေ ကိုဘယ်လိုနည်းဗျူဟာတွေသုံးပြီးလိုက်ကြမလဲဆိုတာ…အမှတ်မထင် လှမေ တစ်ယောက်အသတ်ခံလိုက်ရချိန်မှာတော့တရားခံဘယ်သူဖြစ်မလဲ…နေကျော် တစ်ယောက်တရားခံကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ…”

ကတုံးကဗုံးကြဲမှာ

“ကတုံးဖြစ်ပြီးလူစွာကျယ်ဖြစ်တဲ့ အောင်မျိုးမင်း မှာ သုသု တို့ညီမနှစ်ယောက်ဘယ်လိုအကြောင်းမျိုးကြောင့်ကာကွယ်စောင့်ရှောက်ခွင့်ရမလဲ ….လွတ်လပ်မှုကိုလိုလားတဲ့ သုသု မှာ ကတုံးရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်ပါ့မလားဆိုတာ … ကတုံးကအမြဲတမ်း ဟာသဆန်ဆန်ဘယ်လိုတွေဗုံးကျဲသွားမလဲဆိုတာ … ကတုံးက နောက်ဆုံး အသည်းဗုံးကိုဘယ်လိုကြဲသွားမလဲ ….”

ပြန်ခေါ်သက်သေ

“အကျင့်စရိုက်ခြင်းမတူတဲ့ ပေါ်ဌေး နဲ့ ရင်ငြိမ်း တို့ရဲ့အချစ်ရေးမှာဘယ်လိုများဟာသဆန်နေမလဲ…သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာအသိသက်သေအနေနဲ့သူငယ်ချင်းများလက်မှတ်ထိုးခဲ့ပေမယ့် ပေါ်ဌေး နဲ့ ရင်ငြိမ်း တို့ရဲ့အိမ်ထောင်ရေးကကောအဆင်ပြေနိုင်ပါ့မလား…အဆင်မပြေရတဲ့အကြောင်းရင်းဘာကြောင့်လဲ…သူတို့နှစ်ယောက်ရဲ့ကွာရှင်းစာချုပ်မှာဘယ်သူတွေရဲ့လက်မှတ်လိုအပ်နေမလဲဆိုတာ…”

မာယာစတိုင်

“တောအရိုင်းပန်းလေး မာလာ ကိုရန်ကုန်သား ဥက္ကာ မှာမြင်မြင်ချင်းစွဲလမ်းခဲ့ပြီး မထင်မှတ်ဘဲခိုးပြေးခဲ့ရာကအစပြုပြီး မာလာ မှာမုဆိုးမဘဝကိုဘယ်လိုရောက်ရှိသွားမလဲ….အိမ်ထောင်ရေးကံမကောင်းလှတဲ့ မာလာ မှာနောက်အိမ်ထောင်ထပ်ပြုခဲ့ပေမယ့်ထပ်မံပြီးသေကွဲကွဲခဲ့ရတော့ မာလာ တစ်ယောက်မာယာ အဖြစ်နဲ့ရန်ကုန်မှာအခြေချနေထိုင်ရင်း ဦးကျော်စွာ ၊ ကိုမိုးသူ နဲ့ ဂျိုး တို့ရဲ့အချစ်ကိုဘယ်လိုပိုင်ဆိုင်ခွင့်ရရှိမလဲ…မာယာ ရဲ့အချစ်ရေးကကံကောင်းနိုင်ပါ့မလား…”