ဦးပီတိနှင့် သူ၏ဇာတ်ကားများ

ရုပ်သံအရည်အသွေးက မြင့် အချပ်ကလည်း တစ်ချပ်တည်း ဈေးကလဲ 495 ကျပ်ထဲ ..

ပွဲခံမယ်

“အရက်သောက် ကြက်ဝိုင်းထောင် ဖဲရိုက်ပြီး ပွဲခံ လေ့ရှိတဲ့တူကြီးနှစ်ယောက် ဦးသာရင် နဲ့ ရာကျော် တို့မှာတစ်ရွာလုံးရဲ့အော်ကျော့လန်ဖြစ်ပြီး ဦးအောင်ဒင် ရဲ့သမီးဖြစ်သူဖွေးစိန် မှာ ရာကျော် ကိုအသည်းအသန်ချစ်မိခဲ့ရာကအစပြုပြီး ပေပေတေတေနေတတ်တဲ့ ရာကျော် တစ်ယောက် ဖွေးစိန် ကိုပြန်ချစ်နိုင်ပါ့မလား … ဦးအောင်ဒင် ကကောဖွေးစိန် နဲ့ ရာကျော် ကိုသဘောမတူတော့ ဖွေးစိန် မှာအချစ်စိတ်နဲ့ ဘယ်လိုတွေ ပွဲခံ သွားမလဲဆိုတာရင်ထိတ်ဖွယ်ဘယ်လိုကြည့်ရမလဲ …”

ပင်လယ်ကြီးကဘာပြောလဲ

“ပင်လယ်ကြီးရှိတဲ့ငွေချောင်းသာရဲ့ဟော်တယ်တစ်ခုမှာဘယ်လိုလူတွေလာရောက်စုဝေးပြီးဖူးစာဖက်တွေဖြစ်ကြမလဲ….သူဌေးလိုလိုအူကြောင်ကြောင် နေကင်းနဲ့ အဆိုတော် အောင်ဖေ တို့မှာ ရွှေစင် ဆိုတဲ့ကောင်မလေးနဲ့ သုံးပွင့်ဆိုင်ဖြစ်ကြပြီး ဧကရာဇ် ၊ ယမထာ ၊ သီစင် ၊ သွင်ဦး နဲ့ ပိုက်ထွေး တို့မှာလည်းဘယ်လိုအပွင့်တွေဆိုင်ကြမလဲ…အဲလိုများပြားလွန်းတဲ့ ချစ်သူအပွင့်ဆိုင်ပြိုင်ပွဲကြီးကို ပင်လယ်ကြီးကဟာသဆန်ဆန်ဘယ်လိုပြောမလဲဆိုတာ….”

တောကျီးကန်း (သို့) ခိုးဆိုးလုနှိုက် (၂)

“ထီးခမ်း နဲ့ တောက်တဲ့ တို့မှာသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ဆိုးတူကောင်းတူတွေဖြစ်ကြရာ ဒီဒီပိုး ရဲ့ထမင်းဆိုင်မှာပိုက်ဆံမရှင်းဘဲထမင်းစားခဲ့ရာကအစပြုပြီး ထီးခမ်း နဲ့ ဒီဒီပိုး တစ်ယောက်ဘယ်လိုအချစ်သံယောဇဉ်တွေဖြစ်သွားကြမလဲဆိုတာ …မှောင်ခိုပစ္စည်းများလုယက်မှုတွေဆက်တိုက်နီးပါးဖြစ်ပေါ်ပြီးဖြစ်စဉ်ရဲ့နေရာမှာ တောကျီးကန်း ဆိုတဲ့စာသားအပေါ်မှာတရားခံဘယ်သူဖြစ်မလဲ …ထီးခမ်းး နဲ့ တောက်တဲ့ တို့ပတ်သတ်မှုရှိနေနိုင်ပါ့မလားဆိုတာ …”

လူများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်

“ဒါရိုက်တာဖြစ်ချင်တဲ့ မိုးခါး နဲ့အပေါင်းအပါသူငယ်ချင်း ၄ ယောက်တို့မှာသိပ်ချစ်ကြတဲ့သူတွေဖြစ်ကြပြီး တစ်နေ့ မိုးခါး ရဲ့ရည်မှန်းချက်ပြည့်ဖို့အတွက်တတိုင်းမွှေး ဆိုတဲ့ကောင်မလေးရဲ့အကူညီနဲ့သရဲခြောက်တဲ့အိမ်ကြီးထဲကိုဘယ်လိုဝင်ရောက်သွားမလဲ … အိမ်ကြီးထဲမှာရှိတဲ့ ပစ္စည်းတစ်ခုကိုခိုးယူမိခဲ့ရာကအစပြုပြီး သူတို့သူငယ်ချင်း ၄ ယောက်မှာဘယ်လိုခြောက်ခြားစရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲ …”

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ (၂)

“လက်တမ်းရွတ်တတ်တဲ့ Rapper အဆိုရှင် ကျော်ဘုန်းဝေ တို့အဖွဲ့မှာပလက်ဖောင်းပေါ်မှာသီဆိုနေခဲ့ပြီး ငွေကြေးမပြည့်စုံပေမယ့်ကြိုးစားရုန်းကန်နေရတဲ့ Rapper လေးတွေရဲ့ဘဝမှာနာမည်ကျော်ဖြစ်ဖို့အတွက် ကိုယ့်သမိုင်းကိုယ်ဘယ်လိုတွေရေးသွားကြမလဲဆိုတာ…ကျော်ဘုန်းဝေ ရဲ့ချစ်သူမိယု မှာချစ်သူအတွက်ဘယ်လိုပါရမီဖြည့်သွားမလဲ…Rapper ကိုရူးသွပ်တဲ့သူတို့အဖွဲ့ရဲ့ကြိုးစားအားထုတ်မှုမှာအရာထင်ပါ့မလားဆိုတာ….”

ကပ္ပိယ

“မိဘမဲ့ တစ်ကောင်ကြွက် ကပ္ပိယဘဝနဲ့နေလာခဲ့တဲ့ စံလှဘော် မှာတစ်ရွာလုံးရဲ့အချစ်ကိုခံခဲ့ရပြီး မြချစ် လေးကိုတဖက်သတ်ချစ်နေခဲ့ပေမယ့်ပဲပွဲစားလေး အောင်တိုင်းကျော် ကိုအမည်မသိသူတစ်ယောက်ဘယ်လိုချောင်းရိုက်သွားမလဲ … မြချစ် မှာ စံလှဘော် ကိုသံသယဝင်ခဲ့တော့ အမှန်တကယ်ပဲ တရားခံက ကပ္ပိယ စံလှဘော် ဖြစ်မလား … ကပ္ပိယ စံလှဘော် ရဲ့အချစ်ရေးကဘယ်လိုဖြစ်မလဲ …”