ဘောစိ

မင်းတို့တောင်းတဲ့ သိန်း ၅၀၀ လဲမပေးနိုင်ဘူး . လူကိုလဲ မရွေးနိုင်ဘူးကွာ . . .

  • Rating
  • Status
  • Media
  • Format
  • Subtitles
    None

Movie Details

Director
ပြည်ဟိန်းသီဟ
Author
ပြည်ဟိန်းသီဟ
Writer
စွမ်းပိုင်
Actors
လူမင်း, ရတနာဗိုလ်, တက္ကသိုလ်ဂွမ်းပုံ
Overview
ယနေ့ခေတ်မှာ ရေပန်းအစားဆုံးစကား လူတိုင်းဖြစ်ချင်နေတဲ့ဘ၀ အဲဒီနာမည်အခေါ်ခံရတာကိုပဲ မိမိကိုယ် မိမိယုံကြည်ချက်ရှိသူတစ်ဦးပီပီ အားလုံးရဲ့ပါးစပ်ဖျားကနေ တသသဖြစ်နေကြတဲ့စကားအခေါ်အဝေါ် အဲဒီအရာကတော့ ဘောစိ…… ကိုကျော်ဝင်းမောင်က ထိုသို့အခေါ်ခံရတာကို ကျေနပ်နေသူတစ်ဦးဖြစ်ပြီး အဲလိုအခေါ်ခံရဖို့ကိုပင် မိမိရဲ့ဘ၀ ကိုရင်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက်ကြီးကြီး မိန်းမကြီးတစ်ဦးကို မရမက၀င်အောင်းပြီးဘောစိ ဆိုတဲ့ဘွဲ့ကိုခံယူလိုက်ပါတယ်။ ယူထားတဲ့ဇနီးမယာကလဲ အရပ်ကပု၊ ပုံစံကလဲဂွမ်းတာကြောင့် မလွမ်း လောက်သော်လည်းပိုင်ဆိုင်မှုက ဘီလျံနာဖြစ်တာကြောင့် ကျော်ဝင်းမောင်တစ်ယောက်ဝင်တာမီယာမှာ ကောင်းကောင်းနေနေရပါတယ်။ လင်မယားနှစ်ယောက်အတူတူ ကားပင်မစီးချင်သော်လည်း Mark X ကို မျက်စိမှိတ်ပြီး ဇိမ်ကျနေတဲ့ အဲဒီဘ၀ကိုပဲ ကျော်ဝင်းမောင်တစ်ယောက်ကျေနပ်နေပါတော့တယ်။ အများက ဘောစိ.. ဘောစိဖြင့် အခေါ်ခံနေတာကို ဂုဏ်ယူမဆုံး….။ ကိုဆင်ပေါက်မှာ ကိုကျော်ဝင်းမောင်နဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး သောက်ဖော်သောက်ဖက်၊ ကဲဖော်ကဲဖက် ဖြစ်ပါတယ်။ အခုလဲ ကိုဆင်ပေါက်ရဲ့ မြှောက်ပေးမှုကြောင့် ဘောစိကျော်ဝင်းမောင်တစ်ယောက်မှာ အလန်း ဇယားလေးတစ်ဦးကို စပွန်ဆာပေးဖို့ကြံပါတော့တယ်။ ဘောစိမှန်ရင် စပွန်ဆာပေးရတယ် ဆိုတဲ့ ကိုဆင်ပေါက်ရဲ့မြှောက်ပေးမှုကြောင့် ကိုကျော်ဝင်းမောင်တစ်ယောက် ဂွင်ရှာနေပါတော့တယ်။ တိုက်ဆိုင်စွာ ဆူးဆိုတဲ့အလန်းလေးနဲ့ခင်မင်ခွင့်ရပြီးနောက် အိမ်မှာရှိတဲ့ အဂွမ်းကြီးကိုပြသာနာရှာပါတော့တယ်။ ကိုဆင်ပေါက်တစ်ယောက်မြှောက်ပေးမှုကြောင့် ပြသာနာတွေကတဖြည်းဖြည်းနဲ့ ကြီးထွားလာပါတယ်။ အိမ်မှဟင်းပွဲကြီးမှာ စားရမှာလည်းသဲတရှပ်ရှပ် ပစ်ရမှာလည်း ဆီတ၀င်းဝင်းဆိုသလို ဖြစ်နေတာကြောင့် ဘောစိကျော်ဝင်မောင်ရွေးရခက်နေပါတယ်။ ကျော်ဝင်းမောင်တစ်ယောက် ဆူးဆိုတဲ့အလန်းလေးနဲ့ အိမ်မှာရှိတဲ့ အဂွမ်းကြီး ကြားဘာတွေဆက်ဖြစ်မလဲဆိုတာကိုငွေရောင်ပိတ်ကားပေါ်မှာကြည့်ရှုခံစားနိုင်ပြီး ဖြစ်ပါတယ်။ ဘောစိဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူပြီး သရုပ်ဆောင် လူမင်း၊ ဂွမ်းပုံ၊ ရတနာဗိုလ်၊ ခင်လှိုင်၊ ဒိန်းဒေါင် အနုပညာရှင်များစွာတို့ကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပါတယ်။ Credit: yangonlife.com.mm
Genres
ရယ်စရာ
Producer
ပီတိဗီဒီယို
Production
ပီတိဗီဒီယို
Runtime
2 h 10 min
Release Date
18/06/2019

ဇာတ်ကားနမူနာ

Leave a Reply