မေတ္တာဘွဲ့

ရွှေငါးလေး

“ဦးထက်နောင် မှာအခက်အခဲကြုံတိုင်းအမှတ်မထင်ဆုံကာဖြေရှင်းပေးတတ်တဲ့ စနိုး ကို Lucky Fish အနေနဲ့ ကံကောင်းခြင်းတွေသယ်လာပေးတဲ့အတွက် ဦးထက်နောင် မှာ စနိုး ကိုဘယ်လိုရယူပိုင်ဆိုင်မလဲ…စနိုး မှာငွေကြေးအဆင်မပြေတာကြောင့် ဦးထက်နောင် ရဲ့ရွှေငါးလေးအဖြစ်နေခဲ့ပေမယ့် ချစ်သူ ကျော်ကျော် နဲ့အဆက်မပြတ်တော့ စနိုး ဘာဆက်လုပ်မလဲ…ကျော်ကျော် နဲ့ ဦးထက်နောင် တို့ရဲ့ထင်မှတ်မထားတဲ့ပတ်သတ်မှုကဘာဖြစ်မလဲ….”

ငွေမုဆိုး

“ငွေမုဆိုးတစ်ယောက်ဖြစ်တဲ့ နေလ မှာစည်းဘောင်အတွင်းကမုဆိုးဖြစ်ပေမယ့် တပည့်ကျော် ရဝိန် တို့နဲ့စီးပွားရှာနေခဲ့ပြီး နေခြည် ဆိုတဲ့ကောင်မလေးတစ်ယောက်နေလ ရဲ့ရင်ခုန်သံတွေကိုဘယ်တူးဖေါ်သွားမလဲဆိုတာ…ငွေမုဆိုးပြိုင်ဘက်တွေဖြစ်ကြတဲ့ နေလ နဲ့ အောင်သိုက် တို့မှာအဆင်ပြေပါ့မလား…ငွေမုဆိုး ဘဝထဲကနေနေခြည် ကြောင့်လူမှန်တစ်ယောက်ဖြစ်ခဲ့တဲ့ နေလ မှာသူ့ရဲ့မကောင်းမှုတွေကြောင့်အချစ်ရေးကသာယာနိုင်ပါ့မလားဆိုတာ…”

ပြန်ခေါ်သက်သေ

“အကျင့်စရိုက်ခြင်းမတူတဲ့ ပေါ်ဌေး နဲ့ ရင်ငြိမ်း တို့ရဲ့အချစ်ရေးမှာဘယ်လိုများဟာသဆန်နေမလဲ…သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာအသိသက်သေအနေနဲ့သူငယ်ချင်းများလက်မှတ်ထိုးခဲ့ပေမယ့် ပေါ်ဌေး နဲ့ ရင်ငြိမ်း တို့ရဲ့အိမ်ထောင်ရေးကကောအဆင်ပြေနိုင်ပါ့မလား…အဆင်မပြေရတဲ့အကြောင်းရင်းဘာကြောင့်လဲ…သူတို့နှစ်ယောက်ရဲ့ကွာရှင်းစာချုပ်မှာဘယ်သူတွေရဲ့လက်မှတ်လိုအပ်နေမလဲဆိုတာ…”

လူးရတနာသိုက်

“လူးလူမျိုးတွေရဲ့ ခေါင်းဆောင် သခင်လူးကဲဖန် ရဲ့ကြင်ယာတော်အဖြစ်ခန့်အပ်ရန်အတွက် လူးလူမျိုးမဟုတ်တဲ့သူကိုရှာပေးဖို့ တာဝန်ရလာတဲ့ ဂျိုဝ မှာလူမျိုးခြားရွှေပွင့် ကိုဖမ်းခေါ်ခဲ့တော့ ရွှေပွင့် တစ်ယောက်ဘာဆက်ဖြစ်မလဲ … လူးသခင်မအဖြစ်တင်မြှောက်ခံရတဲ့ ရွှေပွင့် မှာပျော်ရွှင်နိုင်ပါ့မလား … သခင်ကြီး ကကော ရွှေပွင့် ကိုလက်လွှတ်ဆုံးရှုံးခံနိုင်ပါ့မလားဆိုတာ … ရွှေပွင့် မှာ ခင်ပွန်းသည်ကိုပဲရွေးမလား … လူးလူမျိုးတွေရဲ့သခင်ကြီးကိုရွေးမလားဆိုတာ …”

လရောင်ခြွေလို့ကြွေတဲ့ပန်း

“သွေးမတော်သားမစပ်တဲ့သမီးနှစ်ယောက်ကိုကံကြမ္မာရဲ့စေခိုင်းမှုအရပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဒေါ်အေမီ တစ်ယောက်သမီးအရင်းဖြစ်သူ ဝါဆို နဲ့ငယ်စဉ်ကတည်းကအကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခဲ့ရတော့ ဒေါ်အေမီ နဲ့ ဝါဆို ပြန်တွေ့နိုင်ပါ့မလားဆိုတာ…ကျန်းမာရေးမကောင်းတဲ့ ဖြူစင် ရဲ့အမေကိုဆေးကုနေတဲ့ဆရာဝန်လေး ကိုရဲမင်းထက် နဲ့ ဖြူစင် တို့သံယောဇဉ်ကဘယ်လိုရှိမလဲ…ဒေါ်အေမီ တို့အိမ်စေမလေး ဖြူစင် ကိုနှိမ်ချဆက်ဆံခဲ့သမျှလရောင်ခြွေလို့ကြွေတဲ့ပန်း ဆိုတာဘယ်သူ့ကိုဖော်ကျူးထားမလဲဆိုတာ…”

နေ့စား

“နေ့စားဘဝနဲ့မိခင်နဲ့ညီမလေးကိုလုပ်ကျွေးနေပြီးအမှန်တရားကိုလက်ကိုင်ထားကာ မဟုတ်မခံတတ်တဲ့ ရဲထက် မှာအလုပ်လုပ်ရင်း မတရားအလုပ်မှထုတ်ပယ်ခြင်းခံရတာကြောင့်သူဌေးဖြစ်သူ ဦးသီဇော် နဲ့စကားများကာအလုပ်မှထွက်ခဲ့တာကြောင့် ဦးသီဇော် ရဲ့သမီး ငုဝေသီဇော် မှာ ရဲထက် ကိုမြင်မြင်ချင်းချစ်မိသွားပြီး ရဲထက် ရဲ့မိသားစုကိုကူညီထောက်ပံ့ရင်း ရဲထက် နဲ့ ငုဝေသီဇော် ချစ်သူတွေဖြစ်သွားတာကို ဦးသီဇော် မှသိရှိပြီးသဘောမတူတာကြောင့် ရဲထက် နဲ့ ငုဝေ ဘာဆက်ဖြစ်မလဲ … ရဲထက် မှာ ဦးသီဇော် ရဲ့ကျေးဇူးရှင်ဘာကြောင့်ဖြစ်သွားသလဲ …”

ကမ္ဘာကြီးနှစ်ခြမ်းကွဲစေဦးတော့

အောင်လှ နဲ့ စံပယ်ထွေး တို့မှာသိပ်ချစ်ကြတဲ့မိဘမဲ့မောင်နှမတွေဖြစ်ကြတော့ အောင်လှ မှာချစ်ရတဲ့ ကြိုင်သင်း ထပ်ညီမဖြစ်သူ စံပယ် ကိုဦးစားပေးနေတော့ သူတို့ချစ်သူနှစ်ဦးရဲ့အချစ်ရေးကသာယာပါ့မလား …. စံပယ် ရဲ့ဘဝမှာမထင်မှတ်ဘဲအမဲစက်ကြီးတစ်ခုဘယ်လိုထင်ရှားသွားမလဲ … အဲဒီအမဲစက်ကြောင့် အောင်လှ ရဲ့ကမ္ဘာကြီးဘယ်လိုဖြစ်ပြီးနှစ်ခြမ်းကွဲသွားမလဲဆိုတာ …. စံပယ် ရဲ့အမဲစက်ကိုထင်ရှားအောင်လုပ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲ ….

ချစ်လှစွာသောအမုန်း

ခါ နဲ့ မိုးစက်မှာ ငယ်သူငယ်ချင်းဖြစ်တာကြောင့် နားလည်မှုအပြည့်နဲ့နေလာခဲ့ပေမယ့် မိုးစက် ရဲ့ဖခင်မှာ အမုန်း ဆိုတဲ့ကောင်မလေးတစ်ယောက်ကို လက်ထပ်လိုက်ရာကအစ.. မိုးစက် မှာ ဆင်းရဲနွမ်းပါးပြီးအူကြောင်ကြောင်နိုင်လွန်းတဲ့ အမုန်း ကိုမိထွေးအဖြစ် ဘယ်လိုလက်ခံရမလဲ …. အမုန်း မှာ မိုးစက် ရဲ့ဖခင်နဲ့လမ်းခွဲပြီး ခါ ကိုချစ်မိခဲ့တော့ အချစ်ဆိုတာသိလိုက်ရတော့ ခါ ကိုပိုင်ဆိုင်နိုင်ပါ့မလား … မိုးစက် ကကော ခါ ကိုအမုန်း နဲ့သဘောတူကြည်ဖြူနိုင်ပါ့မလား ……

ပါဏာတိပါတာ

ဘဟိန်း မှာပညာမတတ်ပေမယ့် မိသားစုကိုရိုးရိုးသားသား လုပ်ကျွေးနေပေမယ့်ဘဟိန်း ရဲ့အကျင့်မှာရပ်ကွက်ထဲကိစ္စများကို နေရာတကာဝင်ပါမိတာကြောင့် ဇနီးဖြစ်သူ ခိုင်ခိုင်ကြည် မှာဆုံးပါးခဲ့ရတော့ သမီးဖြစ်သူ နှင်းစက် မှာဖခင်ဖြစ်သူ ဘဟိန်း ကိုစက်ချုပ်သမဘဝနဲ့ လုပ်ကိုင်ကျွေးမွေးပြီး မောင်နှစ်ယောက်ကို စောင့်ရှောက်ပြီး မထင်မှတ်ဘဲ သာယာအေးချမ်းနေတဲ့ နှင်းစက် ဘဝထဲကို ရဲရင့် နဲ့ ပတ်သတ်မိရာကအစပြုပြီး ကံကြမ္မာဆိုးတစ်ခုကဝင်ရောက်ခဲ့တော့ ဘဟိန်း မှာဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ …. ပါဏာတိပါတာ ဆိုတဲ့အဓိပ္ပါယ်ကိုကော ဘယ်လိုပုံဖော်မလဲဆိုတာ …

ကျွန်မကမ္ဘာပြိုသောအခါ

ကျေးဇူးရှင်ရဲ့သမီးကို သိပ်ချစ်မိခဲ့ပြီး လက်ထပ်ခွင့်ရတဲ့ မောင်ထူး မှာ ယော ကိုလိုလေသေးမရှိ ဂရုစိုက်တတ်တဲ့ မောင်ထူး မှာကကံကြမ္မာစိုးတစ်ခုကို မထင်မှတ်ဘဲ ပိုင်ဆိုင်လိုက်ရတာကြောင့် ခင်ပွန်းကို မြတ်နိုးတန်ဖိုးထားတဲ့ ယောတစ်ယောက် ဘယ်လိုခံစားရမလဲ …. မောင်ထူးကကော ယော ရဲ့အနားကနေ ပျောက်ကွယ်သွားပါ့မလား ….. ယော ရဲ့ခံစားချက်ကို တိုးလတ် ဘယ်လိုတွေ ဝိုင်းပြီးခံစားသွားမလဲဆိုတာ ….