အချစ်

ရွှေငါးလေး

“ဦးထက်နောင် မှာအခက်အခဲကြုံတိုင်းအမှတ်မထင်ဆုံကာဖြေရှင်းပေးတတ်တဲ့ စနိုး ကို Lucky Fish အနေနဲ့ ကံကောင်းခြင်းတွေသယ်လာပေးတဲ့အတွက် ဦးထက်နောင် မှာ စနိုး ကိုဘယ်လိုရယူပိုင်ဆိုင်မလဲ…စနိုး မှာငွေကြေးအဆင်မပြေတာကြောင့် ဦးထက်နောင် ရဲ့ရွှေငါးလေးအဖြစ်နေခဲ့ပေမယ့် ချစ်သူ ကျော်ကျော် နဲ့အဆက်မပြတ်တော့ စနိုး ဘာဆက်လုပ်မလဲ…ကျော်ကျော် နဲ့ ဦးထက်နောင် တို့ရဲ့ထင်မှတ်မထားတဲ့ပတ်သတ်မှုကဘာဖြစ်မလဲ….”

ရိုက်ကွင်းမှတ်တမ်း

“ဒါရိုက်တာ မီးတောက် မှာလူငယ်ဒါရိုက်တာဆိုပေမယ့် ငွေမရှတာကြောင့် Producer တွေရဲ့ငွေပေးမှုမှာနည်းနေပေမယ့် ဇာတ်ကားဖြစ်မြောက်ရေးအတွက် အဆင်ပြေအောင် ဇွတ်ကျားထားတဲ့ မင်းသား ပြေတိုး နဲ့မင်းသမီး လွန့်လွန့်လူး ဆီမှာငွေယူကာ ဇာတ်ကာကိုအဆင်ပြေအောင်ရိုက်ကူးခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့ရိုက်ကူးထားတဲ့ အခွေမှာ မထင်မှတ်ဘဲပျောက်ဆုံးသွားတော့ဒါရိုက်တာ မီးတောက် မှာနာမည်နဲ့လိုက်အောင် ခေါင်းမီးတောက်သွားတော့ မင်းသမီး လွန့်လွန့်လူး ကိုဘယ်လိုဖြေရှင်းမလဲ … မင်းသား ပြေတိုး ကိုကော ဘယ်လိုဖြေရှင်းရမလဲ … နောက်ဆုံးProducer ကိုတော့ ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ …..”

အသက်ကိုအသက်ထက်ပို၍ချစ်သည်

“မိုးမြင့်ဖြူ နဲ့ မေသက်မောင် တို့မှာသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြပေမယ့် မိဘမျိုးရိုးအဆက်ဆက်ကမ္ဘာရန်သူတွေဖြစ်ကြတော့ သူတို့ချစ်သူနှစ်ဦးမှာခိုးပြေးခဲ့ရာကအစပြုပြီး အသက် ရဲ့ရောဂါကိုကုသဖို့အတွက် မိုးမြင့်ဖြူ တစ်ယောက်ကြိုးစားရှာဖွေရင်း အသက် ကိုကုသနိုင်ခဲ့ပေမယ့် မိုးမြင့် ကဘာဖြစ်သွားမလဲ …အသက် ကို အသက်ထက်ပိုပြီးချစ်တဲ့အကြောင်း ဘယ်လိုသက်သေပြသွားမလဲဆိုတာ …”

ဟန်းနီးမွန်း

“ဦးအောင်ထက် မှာမိဘချင်းသဘောတူတဲ့ ရူပါခင် ကိုမြင်မြင်ချင်းချစ်သွားခဲ့တော့လက်ထပ်ပြီးဟန်းနီးမွန်းထွက်ခဲ့ရာကအစပြုပြီး ရူပါခင် ရဲ့အချစ်တော်ကြောင်ကလေးကစတဲ့ပြဿနာမှာတိရိစ္ဆာန်ဆရာဝန်လေး မောင်ဇော်မောင် နှင့်အတူအကြောင်းအရာတွေဆက်စပ်ပြီး မင်းနိုင် နဲ့ ပူတူးမ တို့ရဲ့ဟန်းနီးမွန်း ခရီးစဉ်အနေနဲ့ဘယ်လိုလိုက်ပါလာကြမလဲ…ဟန်းနီးမွန်း ဆိုတဲ့အတိုင်းမည်သူမည်ဝါမှန်းမသိဘဲအတူတကွဘယ်လိုဟာသဆန်ဆန် ဟန်းနီးမွန်း ကြမလဲဆိုတာ…”

ဖက်ရှင်

“ဦးသိန်းတန် ရဲ့သားဖြစ်သူ ဇေရတု ရဲ့ဖက်ရှင်မှာအများနဲ့မတူတမူထူးခြားနေခဲ့တော့ ချစ်သူဖြစ် ဝင့်ဝါချစ် မှာ ဇေရတု ကြောင့်ဘယ်လိုအရှက်ရမလဲ….ဇေရတု ရဲ့ဖက်ရှင်ကြောင့် ဝင့်ဝါချစ် နဲ့ ဇေရတု တို့ရဲ့အချစ်ရေးမှာဘယ်လိုအနှောင့်အယှက်မျိုးတွေဖြစ်လာနိုင်မလဲ….မမျှော်လင့်ဘဲ ဝင့်ဝါချစ် နဲ့ဇေရတု ရဲ့မိသားစုတို့မှာဘယ်လိုပြဿနာတွေရှိနေကြမလဲဆိုတာ…ဝင့်ဝါချစ် ရဲ့အိပ်မက်ကိုအကော်အထည်ဖော်နိုင်ပါ့မလားဆိုတာ….”

တို့ရွာကကြမ်းမှကြိုက်တယ်

“ကမ္ဘာမကြေရွာနှစ်ရွာရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသိုက်ထွန်း နဲ့ ကိုလှိုင်ဘွား တို့မှာမြေနုကျွန်းကိုလုရင်းထောင်ကျခဲ့ရာ ကိုသိုက်ထွန်း ရဲ့ညီဖြစ်သူ ချမ်းမြေ့ နဲ့ကိုလှိုင်ဘွား ရဲ့ညီမဖြစ်သူ ဝတ်မှုံ တို့မှာတစ်ယောက်နဲ့တစ်ယောက်အမှတ်မထင်တွေ့ပြီးချစ်ခဲ့ကြတော့ထောင်ကထွက်လာတဲ့ ကိုသိုက်ထွန်း နဲ့ ကိုလှိုင်ဘွား တို့မှာသဘောတူပါ့မလား…လူကြီးတွေရဲ့ကြားမှာဓားစာခံဖြစ်ခဲ့ရတဲ့ ချမ်းမြေ့ နဲ့ ဝတ်မှုံ တို့ရဲ့ချစ်ခြင်းမေတ္တာကြီးမားပုံကိုဘယ်လိုပြသသွားမလဲဆိုတာ…”