မှုခင်း

ငွေမုဆိုး

“ငွေမုဆိုးတစ်ယောက်ဖြစ်တဲ့ နေလ မှာစည်းဘောင်အတွင်းကမုဆိုးဖြစ်ပေမယ့် တပည့်ကျော် ရဝိန် တို့နဲ့စီးပွားရှာနေခဲ့ပြီး နေခြည် ဆိုတဲ့ကောင်မလေးတစ်ယောက်နေလ ရဲ့ရင်ခုန်သံတွေကိုဘယ်တူးဖေါ်သွားမလဲဆိုတာ…ငွေမုဆိုးပြိုင်ဘက်တွေဖြစ်ကြတဲ့ နေလ နဲ့ အောင်သိုက် တို့မှာအဆင်ပြေပါ့မလား…ငွေမုဆိုး ဘဝထဲကနေနေခြည် ကြောင့်လူမှန်တစ်ယောက်ဖြစ်ခဲ့တဲ့ နေလ မှာသူ့ရဲ့မကောင်းမှုတွေကြောင့်အချစ်ရေးကသာယာနိုင်ပါ့မလားဆိုတာ…”

ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ

“ယောကျာ်းဖြစ်သူ ကိုသံဟိတ် ရဲ့သူငယ်ချင်းနဲ့ တိတ်တခိုးဖောက်ပြန်နေတဲ့ ခင်ခင်စိန် တစ်ယောက် ယောကျာ်းဆုံးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ …ကိုသံဟိတ် ကကောအမှန်တကယ်ပဲသေဆုံးသွားတာလား …ဆိတ်ဖွား နဲ့ သံဟိတ် နှစ်ယောက်ဘယ်လိုပတ်သတ်မှုရှိနေမလဲ …မြိုင်ရာဇာတာတေ ဆိုတာဘယ်သူလဲ … ကိုသံဟိတ် တစ်ယောက်ဖောက်ပြန်နေတဲ့ဇနီးဖြစ်သူ ခင်ခင်စိန် ကိုဘယ်လိုလက်စားချေသွားမလဲ …”

မူရင်းမှားတဲ့မိတ္တူ

“ရန်နိုင်အောင် မှာရဲအရာရှိတစ်ယောက်ဖြစ်ပေမယ့် အဖေဖြစ်သူမှာလူဆိုးဂိုဏ်းခေါင်းဆောင် ကျော်နန္ဒ ဖြစ်ပေမယ့် ရန်နိုင်အောင် တစ်ယေက်မသိခဲ့တော့ ရန်နိုင်အောင် ရဲ့ချစ်သူ မိုးမခ မှာ ရဲများကအလိုရှိနေတဲ့ မိုးဇက် နဲ့သူငယ်ချင်းဖြစ်နေခဲ့တော့ မိုးမခ မှာရဲအရာရှိချစ်သူအတွက်ကြိုးပမ်းရာကအစပြုပြီး ရဲများကအလိုရှိနေတဲ့ သူတွေကတော့ ဘယ်သူတွေဖြစ်မလဲ … ရန်နိုင်အောင် ကကော ဘယ်သူ့ကိုဖမ်းမိသွားမလဲ …မထင်မှတ်ထားတဲ့အရာတွေကဘာတွေဖြစ်နေမလဲ …..”