ရွှေမှုံရတီ

ဘွန္တောကြက်သူခိုး

“ကျေးလက်သဘာဝအလှအပများ. ..တောသူတောင်သားတို့ရဲ့ ပွင့်လင်းစွာနေထိုင်မှုနှင့် ကျေးရွာဓလေ့အဖြစ်ပျက်များကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးဘွန္တောကြက်သူခိုး ဆိုတဲ့အတိုင်း အရုဏ်ဆွမ်းချက်ရန်နှိုးဆော်လိုက်၊ ကြက်တွေခိုးလိုက် နေလာတဲ့ တက်လူ၊ ယောက္ခမ အိမ်က ကြက်ပျောက်တဲ့ချိန်ကစပြီးယောက္ခမရော မိန်းမရော အကောင်းမမြင်ပြောဆိုနေတဲ့အချိန် သားဖြစ်သူကပါ သူ့ဘက်မပါတော့ ဘယ်လိုခံစားရမလဲဆိုတော့… ယောက္ခမ နဲ့ သမက်ကြားကပြဿာနာလေးတွေကိုဘယ်လိုဖော်ကျူးထားမလဲဆိုတာ …”

ဝိညာဉ်ကကြိုး

“ရိုးသားပြီးကျေးဇူးသိတတ်တဲ့ ခေတ် မှာချစ်ခြင်းမေတ္တာငတ်ပြီး လိုချင်တာကိုမရရင်ဖျက်ဆီးတတ်တဲ့သူငယ်ချင်း ရွှေဖြူ တစ်ယောက်ရှိနေခဲ့ရာ ခေတ် နဲ့ ရွှေဖြူရဲ့ဘဝထဲကို သစ်ခက်ညို တစ်ယောက်ဝင်ရောက်လာချိန်ကအစပြုပြီး ခေတ် နဲ့ သစ်ခက်ညို တို့ရဲ့အချစ်ရေးကို ရွှေဖြူ တစ်ယောက်ဘယ်လိုနည်းမျိုးစုံသုံးပြီးနှောင့်ယှက်သွားမလဲ… နှောင့်ယှက်ရတဲ့အကြောင်းတရားဘာဖြစ်မလဲ…”

ဟန်းနီးမွန်း

“ဦးအောင်ထက် မှာမိဘချင်းသဘောတူတဲ့ ရူပါခင် ကိုမြင်မြင်ချင်းချစ်သွားခဲ့တော့လက်ထပ်ပြီးဟန်းနီးမွန်းထွက်ခဲ့ရာကအစပြုပြီး ရူပါခင် ရဲ့အချစ်တော်ကြောင်ကလေးကစတဲ့ပြဿနာမှာတိရိစ္ဆာန်ဆရာဝန်လေး မောင်ဇော်မောင် နှင့်အတူအကြောင်းအရာတွေဆက်စပ်ပြီး မင်းနိုင် နဲ့ ပူတူးမ တို့ရဲ့ဟန်းနီးမွန်း ခရီးစဉ်အနေနဲ့ဘယ်လိုလိုက်ပါလာကြမလဲ…ဟန်းနီးမွန်း ဆိုတဲ့အတိုင်းမည်သူမည်ဝါမှန်းမသိဘဲအတူတကွဘယ်လိုဟာသဆန်ဆန် ဟန်းနီးမွန်း ကြမလဲဆိုတာ…”

မာယာစတိုင်

“တောအရိုင်းပန်းလေး မာလာ ကိုရန်ကုန်သား ဥက္ကာ မှာမြင်မြင်ချင်းစွဲလမ်းခဲ့ပြီး မထင်မှတ်ဘဲခိုးပြေးခဲ့ရာကအစပြုပြီး မာလာ မှာမုဆိုးမဘဝကိုဘယ်လိုရောက်ရှိသွားမလဲ….အိမ်ထောင်ရေးကံမကောင်းလှတဲ့ မာလာ မှာနောက်အိမ်ထောင်ထပ်ပြုခဲ့ပေမယ့်ထပ်မံပြီးသေကွဲကွဲခဲ့ရတော့ မာလာ တစ်ယောက်မာယာ အဖြစ်နဲ့ရန်ကုန်မှာအခြေချနေထိုင်ရင်း ဦးကျော်စွာ ၊ ကိုမိုးသူ နဲ့ ဂျိုး တို့ရဲ့အချစ်ကိုဘယ်လိုပိုင်ဆိုင်ခွင့်ရရှိမလဲ…မာယာ ရဲ့အချစ်ရေးကကံကောင်းနိုင်ပါ့မလား…”

အဆိပ်သင့်လိပ်ပြာ

“ဖခင်ကိုရှာဖို့အတွက် နိုင်ငံခြားကိုရောက်ခဲ့ပြီး ပိုက်ဆံအိတ်ကိုခါးပိုက်နှိုက်ခံလိုက်ရတော့ ဒုက္ခရောက်နေတဲ့ ဥက္ကာ မှာ မထင်မှတ်ဘဲ တတ်တူးဆရာမလေး ဘရဏီ နဲ့တွေ့ကာ ဥက္ကာ ကိုကူညီရင်း တတ်တူးတစ်ခုထိုးပေးခဲ့တာကြောင့် ဥက္ကာ မှာဖခင်ကိုတွေ့ပေမယ့် မပျော်နိုင်ဘဲနေခဲ့ရာ ဘရဏီ ကဘာကြောင့်တတ်တူးထိုးပေးခဲ့တာလဲ … လူးဆိုးခေါင်းဆောင်ရဲ့သမီး သီရိ မှာ ဥက္ကာ ကိုတဖက်သတ်ချစ်နေတာကို ဘရဏီ သိရှိသွားတော့သီရိ ကို ဘရဏီ ဘာလုပ်မလဲ … ဘရဏီ ရဲ့လုပ်ရပ်တွေကဘာကြောင့် အဲလိုတွေဖြစ်နေရတာလဲဆိုတာ ….”

အနူးဘစ်

“ဦးသံလွင်ထွဋ်ခေါင် မှာ သမီးဖြစ်သူ သံလွင်ဧကရီ ကိုမွေးနေ့လက်ဆောင်အဖြစ် Hello Kitty ကားလေးကိုလက်ဆောင်ပေးခဲ့ရာကအစပြုပြီး သေပြီးသားသူတွေကိုမြင်နိုင်စွမ်းရှိတဲ့ လပြည့်ကျော် မှာ လမ်းသရဲမလေးဆယ်လင်း နဲ့ရင်းနှီးကာ သံလွင်ဧကရီ ရဲ့ကားနဲ့ပတ်သတ်ပြီးဘယ်လိုတွေကူညီမလဲ …. သံလွင်ဧကရီ ရဲ့ကားမှဘာတွေဖြစ်နေမလဲ … လပြည့်ကျော် ရဲ့အကူအညီကို ဦးသံလွင်ထွဋ်ခေါင် ကအလွယ်တကူလက်ခံမလား ..ဦးသံလွင်ထွဋ်ခေါင် နဲ့ ဆယ်လင်း တို့ကြားပတ်သတ်မှုကဘာတွေလဲ …”

အချစ်စစ်

“ဖခင်ဖြစ်သူ ဦးထွန်းတောက် ကိုနာကျည်းနေတဲ့ နေလင်းထွန်းတောက် မှာဖခင်နဲ့စကားများပြီးလမ်းတစ်နေရာမှာအဖွားကြီးတစ်ယောက်ရဲ့ကျိန်စာတိုက်ခြင်းကိုဘယ်လိုခံရမလဲ…နေလင်းထွန်းတောက် မှာမထင်မှတ်ဘဲကားတိုက်မှုဖြစ်ခဲ့ရာကအစပြုပြီးမေ့မျောနေခဲ့ရာဝိညာဉ်မလေး မေ ရဲ့အကူညီကြောင့်ကျိန်စာဖြစ်တဲ့ အချစ်စစ် ရဲ့မျက်ရည်၃စက်ကိုဘယ်လိုရအောင်ယူနိုင်မလဲ…ဟန်ဆောင်မှုတွေဖုံးကွယ်နေတဲ့မျက်ရည်တွေကြောင့် အချစ်စစ်ရဲ့မျက်ရည်ကိုရနိုင်ပါ့မလားဆိုတာ…”

  • 2019

ငါ့အကယ်ဒမီ

“မင်းသမီး နန့်နန့်ပြာ နဲ့ မင်းသမီး လွန့်လွန့်လူး တို့မှာတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေဖြစ်ကြပြီး ချစ်ရတဲ့ချစ်သူမှာလည်း မထင်မှတ်ဘဲတစ်ယောက်တည်းဖြစ်နေခဲ့တော့ နန့်နန့်ပြာ နဲ့ လွန့်လွန့်လူး တို့ရဲ့အချစ်ဇာတ်လမ်းဘယ်လိုအဆုံးသတ်မလဲ … အနုပညာလောကကို ဖွလိုက်မယ့် ဂျာနယ်တိုက်ကလည်းဘယ်လိုလိုက်ဖွမလဲဆိုတာ … နန့်နန့်ပြာ နဲ့ လွန့်လွန့်လူး တို့ရဲ့အပြိုင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီရမယ့်သူကဘယ်သူဖြစ်မလဲ …”