ဖွေးဖွေး

ကပ္ပိယ

“မိဘမဲ့ တစ်ကောင်ကြွက် ကပ္ပိယဘဝနဲ့နေလာခဲ့တဲ့ စံလှဘော် မှာတစ်ရွာလုံးရဲ့အချစ်ကိုခံခဲ့ရပြီး မြချစ် လေးကိုတဖက်သတ်ချစ်နေခဲ့ပေမယ့်ပဲပွဲစားလေး အောင်တိုင်းကျော် ကိုအမည်မသိသူတစ်ယောက်ဘယ်လိုချောင်းရိုက်သွားမလဲ … မြချစ် မှာ စံလှဘော် ကိုသံသယဝင်ခဲ့တော့ အမှန်တကယ်ပဲ တရားခံက ကပ္ပိယ စံလှဘော် ဖြစ်မလား … ကပ္ပိယ စံလှဘော် ရဲ့အချစ်ရေးကဘယ်လိုဖြစ်မလဲ …”

အသက်ကိုအသက်ထက်ပို၍ချစ်သည်

“မိုးမြင့်ဖြူ နဲ့ မေသက်မောင် တို့မှာသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြပေမယ့် မိဘမျိုးရိုးအဆက်ဆက်ကမ္ဘာရန်သူတွေဖြစ်ကြတော့ သူတို့ချစ်သူနှစ်ဦးမှာခိုးပြေးခဲ့ရာကအစပြုပြီး အသက် ရဲ့ရောဂါကိုကုသဖို့အတွက် မိုးမြင့်ဖြူ တစ်ယောက်ကြိုးစားရှာဖွေရင်း အသက် ကိုကုသနိုင်ခဲ့ပေမယ့် မိုးမြင့် ကဘာဖြစ်သွားမလဲ …အသက် ကို အသက်ထက်ပိုပြီးချစ်တဲ့အကြောင်း ဘယ်လိုသက်သေပြသွားမလဲဆိုတာ …”

ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း

“သူဌေးကြီး ဦးမိုးကောင်း မှာချစ်ရတဲ့ဇနီးဖြစ်တဲ့ ဆောင်း မှာငွေမက်တာကြောင့် ဦးမိုးကောင်း ရဲ့ညီတစ်ဝမ်းကွဲ ဦးခမ်းလှိုင် နဲ့ဘယ်လိုအကြံအစည်တွေကိုအကောင်အထည်ဖော်သွားမလဲ…ဦးမိုးကောင်း ရဲ့သမီး မိုးသားဖြူ မှာဖခင်နဲ့အဆငမပြေဘဲအိမ်ပြေးဘဝအဖြစ်ဘယ်လိုဖြစ်ပြီး စွမ်းထက် တို့သူငယ်ချင်းသုံးယောက်နဲ့တွေ့ဆုံကြမလဲ…ဦးမိုးကောင်း မှာ မိုးသားဖြူ ကိုချစ်တဲ့စိတ်ကြောင့် စွမ်းထက် ကိုအိမ်ပေါ်ခေါ်တင်ခဲ့ရာကအစပြုပြီး ဆောင်း နဲ့ ဦးခမ်းလှိုင်တို့ရဲ့အစီအစဉ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ရိုက်လိုက်ပါဦး ဒုန်းဒုန်းဒုန်း ကိုရင်ခုန်စွာဘယ်လိုကြည့်ရမလဲ…”