နေထူးနိုင်

ငွေမုဆိုး

“ငွေမုဆိုးတစ်ယောက်ဖြစ်တဲ့ နေလ မှာစည်းဘောင်အတွင်းကမုဆိုးဖြစ်ပေမယ့် တပည့်ကျော် ရဝိန် တို့နဲ့စီးပွားရှာနေခဲ့ပြီး နေခြည် ဆိုတဲ့ကောင်မလေးတစ်ယောက်နေလ ရဲ့ရင်ခုန်သံတွေကိုဘယ်တူးဖေါ်သွားမလဲဆိုတာ…ငွေမုဆိုးပြိုင်ဘက်တွေဖြစ်ကြတဲ့ နေလ နဲ့ အောင်သိုက် တို့မှာအဆင်ပြေပါ့မလား…ငွေမုဆိုး ဘဝထဲကနေနေခြည် ကြောင့်လူမှန်တစ်ယောက်ဖြစ်ခဲ့တဲ့ နေလ မှာသူ့ရဲ့မကောင်းမှုတွေကြောင့်အချစ်ရေးကသာယာနိုင်ပါ့မလားဆိုတာ…”

အဆိပ်သင့်လက်နက်

“ရည်ရွယ်ချက်ရှိရှိနဲ့ဓားပြအဖွဲ့ထဲကိုဝင်ရောက်လာခဲ့တဲ့ ထွန်းလူ တစ်ယောက်သူ့ရဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲ…ထွန်းလူ မရောက်ခင် မြဒင် ဆိုတဲ့အဖွဲ့ခေါင်းဆောင်မှာ ပန်းကလေး ဆိုတဲ့သမီးလေးတစ်ယောက်ဘယ်လိုမွေးစားဖြစ်မလဲဆိုတာ…ပန်းကလေး ကြောင့်အမှောင်ဖုံးနေတဲ့ မြဒင် ရဲ့ဘဝအလင်းရောင်ကိုဝင်ရောက်ပြီးအေးချမ်းသာယာနေခဲ့ပေမယ့် ထွန်းလူ ရဲ့ရည်ရွယ်ကြောင့် မြဒင် တို့ရဲ့မိသားစုဘဝနဲ့အတူ အဆိပ်သင့်နေတဲ့လက်နက်တွေရဲ့ဒဏ်ကိုဘယ်လိုခံစားသွားရမလဲဆိုတာ…”

သူမိုက်ကိုယ်မိုက်

“ဘချစ် နဲ့ လင်းအောင် တို့မှာမတည့်ကြတဲ့သူတွေဖြစ်ပြီးသူမိုက်ကိုယ်မိုက်အကြောင်းပြောရင်းထုံးစံအတိုင်းရန်ပွဲထဖြစ်ခဲ့ရာသူကြီးကိုတိုင်ခဲ့တော့ ဘချစ် ၊ လင်းအောင်ဒေါ်စိန်တုတ် နဲ့ သက်နိုင် တို့ရဲ့ပြဿနာကိုဖြေရှင်းအပြစ်ပေးရင်း လှမေ ဆိုတဲ့ကောင်မလေးတစ်ယောက်ရွာကိုရောက်လာခဲ့ရာကအစပြုပြီး ဘချစ် ၊ လင်းအောင်သက်နိုင် နဲ့ နေကျော် တို့အပြိုင် လှမေ ကိုဘယ်လိုနည်းဗျူဟာတွေသုံးပြီးလိုက်ကြမလဲဆိုတာ…အမှတ်မထင် လှမေ တစ်ယောက်အသတ်ခံလိုက်ရချိန်မှာတော့တရားခံဘယ်သူဖြစ်မလဲ…နေကျော် တစ်ယောက်တရားခံကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ…”

ပြည်တော်ပြန်ထွန်းဇံ

“ဘုန်းကြီးကျောင်းသား ထွန်းဇံ မှာသိပ်ချစ်ရတဲ့ချစ်သူ မြနှင်းဝေ ဆိုတဲ့ကောင်မလေးနဲ့ချစ်နေရပေမယ့် မြနှင်းဝေ ရဲ့မိခင်မှာသဘောမတူတာကြောင့်ဘယ်လိုအခက်တွေ့ကြမလဲ….ထွန်းဇံ ရဲ့သူငယ်ချင်းဖြစ်သူ ဘသစ် ရဲ့နောက်ကျောဓားနဲ့ထိုးတဲ့အဖြစ်မျိုးဖြစ်ခဲ့တော့ ထွန်းဇံ တစ်ယောက်ဘာဆက်လုပ်မလဲ…မြနှင်းဝေ တစ်ယောက်ပျောက်ချင်းမလှပျောက်သွားခဲ့ရာစွပ်စွဲခံရတဲ့ ထွန်းဇံ တစ်ယောက်အပြစ်ပေးခံရရင်း မြနှင်းဝေ ရဲ့အမှုကို ထွန်းဇံ ဖော်ထုတ်နိုင်ပါ့မလား…မြနှင်းဝေ ကိုပြန်တွေ့နိုင်ပါ့မလား…ပြည်တော်ပြန် ထွန်းဇံ ရဲ့အချစ်ရေးကကံကောင်းနိုင်ပါ့မလားဆိုတာ….”

ကမ္ဘာကြီးနှစ်ခြမ်းကွဲစေဦးတော့

အောင်လှ နဲ့ စံပယ်ထွေး တို့မှာသိပ်ချစ်ကြတဲ့မိဘမဲ့မောင်နှမတွေဖြစ်ကြတော့ အောင်လှ မှာချစ်ရတဲ့ ကြိုင်သင်း ထပ်ညီမဖြစ်သူ စံပယ် ကိုဦးစားပေးနေတော့ သူတို့ချစ်သူနှစ်ဦးရဲ့အချစ်ရေးကသာယာပါ့မလား …. စံပယ် ရဲ့ဘဝမှာမထင်မှတ်ဘဲအမဲစက်ကြီးတစ်ခုဘယ်လိုထင်ရှားသွားမလဲ … အဲဒီအမဲစက်ကြောင့် အောင်လှ ရဲ့ကမ္ဘာကြီးဘယ်လိုဖြစ်ပြီးနှစ်ခြမ်းကွဲသွားမလဲဆိုတာ …. စံပယ် ရဲ့အမဲစက်ကိုထင်ရှားအောင်လုပ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲ ….

သရီး(အင်)ဝမ်း

ဈာဟိန်း နဲ့ ဝေအောင် မှာအဆောင်တူ အခန်းဖော်သူငယ်ချင်းဖြစ်ကြတယ်. ကျော်မိုးလွင်နဲ့လည်း ငယ်သူငယ်ချင်းများဖြစ်ကြတော့ ဈာဟိန်း ရဲ့ချစ်ရတဲ့မိန်းကလေးနာမည်မှာ ခိုင် ဖြစ်လေရဲ့၊ ဝေအောင်ချစ်ရတဲ့မိန်းကလေးမှာ ထက် ဖြစ်နေပြီး ကျော်မိုးလွင် ချစ်ရတဲ့သူကတော့ မင်း ဖြစ်ဖြစ်ပါတယ်.. တစ်နေ့! သူတို့ချစ်တဲ့ကောင်မလေးကို စာပေးရန်အတွက်စာရေးပေးသူ ဈာဟိန်း မှာ အတူတူရေးပေးခဲ့မိရာမှ အစပြုလို့ သူတို့ချစ်တဲ့မိန်း ကလေးက တစ်ယောက်တည်းဆိုတာ သိလိုက်ရတော့.. ကျော်မိုးလွင်က သူငယ်ချင်းတွေကိုဦးစားပေးရင်း နောက်ဆုတ်ခဲ့ပေမယ့်၊ ထက်မင်းခိုင် မှာ ဇွဲမလျော့တက်တဲ့ ဈာဟိန်း နဲ့ ဝေအောင် တို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးချယ်မလဲ…