အိချောပို

ဟန်းနီးမွန်း

“ဦးအောင်ထက် မှာမိဘချင်းသဘောတူတဲ့ ရူပါခင် ကိုမြင်မြင်ချင်းချစ်သွားခဲ့တော့လက်ထပ်ပြီးဟန်းနီးမွန်းထွက်ခဲ့ရာကအစပြုပြီး ရူပါခင် ရဲ့အချစ်တော်ကြောင်ကလေးကစတဲ့ပြဿနာမှာတိရိစ္ဆာန်ဆရာဝန်လေး မောင်ဇော်မောင် နှင့်အတူအကြောင်းအရာတွေဆက်စပ်ပြီး မင်းနိုင် နဲ့ ပူတူးမ တို့ရဲ့ဟန်းနီးမွန်း ခရီးစဉ်အနေနဲ့ဘယ်လိုလိုက်ပါလာကြမလဲ…ဟန်းနီးမွန်း ဆိုတဲ့အတိုင်းမည်သူမည်ဝါမှန်းမသိဘဲအတူတကွဘယ်လိုဟာသဆန်ဆန် ဟန်းနီးမွန်း ကြမလဲဆိုတာ…”

အမည်ပေါက်နှင့်ကျူး

“ဘဝမလှပေမယ့်စိတ်ထားလှတဲ့ ချမ်းသာ နဲ့ ပတ္တမြား တို့မှာ ကျူး မှာနေထိုင်ရင်းကျရာအလုပ်ကိုလုပ်နေခဲ့ပေမယ့်သူတို့နှစ်ယောက်ရဲ့ဘဝထဲကိုမဖိတ်ခေါ်ဘဲကလေးတစ်ယောက်မွေးစားဖို့ဖြစ်လာခဲ့တော့ ချမ်းသာ နဲ့ ပတ္တမြား တို့အပြင်ကျူးရဲ့စည်းလုံးမှုကြောင့်ကလေးလေးကိုပြုစုနိုင်ခဲ့ပေမယ့်ကလေးရဲ့နောက်ကြောင်းရာဇဝင်ကြောင့် အမည်ပေါက်နဲ့ကျူး ဆိုပြီးဘယ်လိုဖြစ်ပေါ်လာမလဲ…ချစ်ခြင်းမေတ္တာတရားက အမည်ပေါက်နဲ့ကျူးရဲ့အားပြိုင်မှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာ…”

သုံးနားညီစတုဂံ

“မွေးနေ့ချင်းတူပြီးစိတ်သဘောထားချင်းတိုက်ဆိုင်လှတဲ့ ကာကာ နဲ့ ချေချေ တို့မှာသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးပန်းချီဆရာလေး ထက်မြတ် နဲ့ကာကာ တို့မှာအမှတ်မထင်တွေ့ကြပြီးချစ်သူတွေဖြစ်သွားခဲ့သလို သိုင်းဆရာ ထက်မြတ် နဲ့ ချေချေ တို့မှာလည်းချစ်သူတွေဖြစ်သွားခဲ့တော့ကာကာ နဲ့ ချေချေ တို့ရဲ့ချစ်သူမှာတစ်ယောက်တည်းပဲဖြစ်နေမလား…ကာကာ နဲ့ ချေချေ တို့ရဲ့တိုက်ဆိုင်မှုတွေထဲကအချစ်ရေးကကောတိုက်ဆိုင်မှုပဲလားဆိုတာသုံးနားညီစတုဂံဆိုတဲ့ဇာတ်ကားလေးထဲမှာဘယ်လိုကြည့်ရမလဲဆိုတာ…”