အလင်းရောင်

ဘယ်ရည်းစားကိုအချစ်ဆုံးလဲ

“ဇွဲ နဲ့ စည်သူ တို့မှာမော်ဒယ်သရုပ်ဆောင်တွေဖြစ်ကြတော့ ဝင်းသူဇာထက် ရဲ့MTV မှာပါဝင်သရုပ်ဆောင်ရင်း ဝင်းသူဇာထက် ရဲ့ညီမ ကြည်ပြာ နဲ့စည်သူ တို့မှာချစ်သူတွေဖြစ်သွားခဲ့ပေမယ့် ဇွဲ မှာဘယ်လိုနည်းတွေနဲ့ဟာသဆန်ဆန်လိုက်နှောင့်ယှက်သွားမလဲဆိုတာ…ဇွဲ နဲ့ စည်သူ တို့ရဲ့ခင်မင်မှုကလိုတာထက်ပိုနေခဲ့တော့ ကြည်ပြာ မှာလက်မခံနိုင်ဘဲဖြစ်နေချိန် ဇွဲ နဲ့ စည်သူ တို့ရဲ့အမှန်တရားကဘာဖြစ်မလဲ…ဘယ်ရည်းစားကိုအချစ်ဆုံးလဲဆိုတဲ့စကားကဘယ်သူ့အတွက်ဖြစ်မလဲ…”

သူယောင်မယ်လေးရဲ့ချစ်ပုံပြင်

“စင်္ကာပူနိုင်ငံမှာသူငယ်ချင်းတွေနဲ့ကျောင်းတတ်နေခဲ့တဲ့ အလင်းရောင် မှာသူငယ်ချင်းတွေမြန်မာနိုင်ငံကိုပြန်သွားချိန်မှအစပြုပြီး သရဲကြောက်တတ်တဲ့ အလင်းရောင် မှာခြောက်ခြားစရာများနဲ့စတင်ကြုံတွေ့ရပြီးနောက်ဆုံးမှာ ခြောက်ခြားစရာများကိုဖန်တီးနေသူမှာ ဟန်နီ မှန်းသိလိုက်ရတော့အတူနေရင်းချစ်မိသွားခဲ့ပေမယ့်ချစ်ရေးဆိုပြီးတခဏ ဟန်နီ မှာပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အလင်းရောင် တစ်ယောက်ရူးမတတ်ခံစားရပေမယ့် ဟန်နီ ကိုပြန်တွေ့နိုင်ပါ့မလား ….ဟန်နီ ကကောဘယ်ကိုပျောက်သွားတာလဲ …..”

ခုံပြာတန်းအမှတ်(၃)

“သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီးအိမ်ကသဘောတူဘဲထွက်ပြေးကြရင်းကားတိုက်မှုဖြစ်ကာချစ်သူတွေရဲ့ဘဝမလှတဲ့ ကောင်းကင်သစ် နဲ့ ကြယ်စင်ခ တို့မှာ စင်္ကာပူနိုင်ငံမှာသွားရောက်တွေ့ဆုံခဲ့ပေမယ့် ကောင်းကင်သစ် ရဲ့မျက်နှာမှာပြုပြင်ထားတဲ့အပြင် အတိတ်ကိုမေ့နေတဲ့ ကြယ်စင်ခ မှာတွေ့ကြပေမယ့်မမှတ်မိဘဲနေခဲ့တော့ ကောင်းကင်သစ် တစ်ယောက်ချစ်သူမှာပြန်လည်မှတ်မိဖို့အရေးနည်းမျိုးစုံကြိုးစားခဲ့ပေမယ့် အရာထင်ပါ့မလား …”

ရည်းစားဦး

စိတ်ဝေဒနာရှင်ဖခင်ကို ကာကွယ်စောင့်ရှောက်ရင်း ကိုယ်ပိုင်ဂီတအဖွဲ့မှာ အဆိုရှင်နေရောင်မှာ မွေးရာပါကြွက်သားနဲ့ အာရုံကြောအားနည်းတဲ့ဝေဒနာကို ခံစားနေရတဲ့ ဖြူ ဆိုတဲ့ကောင်မလေးကို ချစ်မိတာကြောင့် ဘယ်လိုပျော်ရွှင်အောင်ထားမလဲ … ဖြူ ရဲ့မိခင်ကကော နေရောင်နဲ့သဘောတူပါ့မလား … ဖြူ ရဲ့မိခင်ဒေါ်နှင်းဖြူ နဲ့ နေရောင် တို့နှစ်ဦးကြားမှာ ဘယ်လိုလျှို့ဝှက်ချက်ရှိနေမလဲ ….