ယွန်းရွှေရည်

ပဲခူးဆားနှင့်သူ၏ဗိုင်းရပ်စ်များ

“တူမလေး စုဒါနိုင် ကိုကျွေးမွေးစောင့်ရှောက်နေတဲ့ သြကြီး ကိုအခောက်နှစ်ယောက်ဖြစ်တဲ့ ပေါက်ပန်းနု နဲ့ မယ်တင်း တို့မှာထုံးစံအတုင်း နှစ်ယောက်ဘယ်လိုအပြိုင်အဆိုင်လုကြမလဲ … တစ်ယောကနဲ့တစ်ယောက်မတည့်ကြတဲ့ သြကြီး နဲ့ဘောပြား သူဇာမြတ်တို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလဲ … အရာရာကိုဝင်ပါ တာကြောင့် ပဲခူးဆားလို့နာမည်ပေးခံရတဲ့ ထွန်းသစ်ဦး နဲ့ စုဒါနိုင်တို့မှာလည်း သတိုးရာဇာ နဲ့သုံးပွင့်ဆိုင်အချစ်ရေးကိုဘယ်လိုလုကြလဲ …”

ဖက်ရှင်

“ဦးသိန်းတန် ရဲ့သားဖြစ်သူ ဇေရတု ရဲ့ဖက်ရှင်မှာအများနဲ့မတူတမူထူးခြားနေခဲ့တော့ ချစ်သူဖြစ် ဝင့်ဝါချစ် မှာ ဇေရတု ကြောင့်ဘယ်လိုအရှက်ရမလဲ….ဇေရတု ရဲ့ဖက်ရှင်ကြောင့် ဝင့်ဝါချစ် နဲ့ ဇေရတု တို့ရဲ့အချစ်ရေးမှာဘယ်လိုအနှောင့်အယှက်မျိုးတွေဖြစ်လာနိုင်မလဲ….မမျှော်လင့်ဘဲ ဝင့်ဝါချစ် နဲ့ဇေရတု ရဲ့မိသားစုတို့မှာဘယ်လိုပြဿနာတွေရှိနေကြမလဲဆိုတာ…ဝင့်ဝါချစ် ရဲ့အိပ်မက်ကိုအကော်အထည်ဖော်နိုင်ပါ့မလားဆိုတာ….”

ကျော်ဇေယျာထွန်းမလွဲဘူး

“အမြဲတလွဲလုပ်တတ်တဲ့ ကျော်ဇေယျာထွန်း နဲ့ စန္ဒီထွန်း တို့မှာသိပ်ချစ်ရတဲ့ချစ်သူတွေဖြစ်ပြီး ကျော်ဇေယျာထွန်း ရဲ့တလွဲလုပ်တတ်တဲ့အကျင့်ကိုဘယ်အချိန်သည်းခံနိုင်မလဲ …ရုံးရဲ့ဝန်ထမ်းသစ်ဖြစ်တဲ့ ရတီထွန်း နဲ့ပတ်သတ်ပြီး သူတို့ချစ်သူနှစ်ဦးမှာဘယ်လိုပြဿနာတွေဖြစ်လာကြမလဲ …ကျော်ဇေယျာထွန်း တစ်ယောက်ဘယ်ချိန်ထိလွဲနေဦးမလဲဆိုတာဟာသဆန်ဆန်လေးဘယ်လိုကြည့်ရမလဲ …”

ကတုံးကဗုံးကြဲမှာ

“ကတုံးဖြစ်ပြီးလူစွာကျယ်ဖြစ်တဲ့ အောင်မျိုးမင်း မှာ သုသု တို့ညီမနှစ်ယောက်ဘယ်လိုအကြောင်းမျိုးကြောင့်ကာကွယ်စောင့်ရှောက်ခွင့်ရမလဲ ….လွတ်လပ်မှုကိုလိုလားတဲ့ သုသု မှာ ကတုံးရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်ပါ့မလားဆိုတာ … ကတုံးကအမြဲတမ်း ဟာသဆန်ဆန်ဘယ်လိုတွေဗုံးကျဲသွားမလဲဆိုတာ … ကတုံးက နောက်ဆုံး အသည်းဗုံးကိုဘယ်လိုကြဲသွားမလဲ ….”

မချစ်တက်ရင် သင်ပေးမယ်

အလွန်အမင်းရစ်နိုင် သဝန်တိုနိုင်တဲ့ချစ်သူ မယ်ယမုံ ကိုချစ်မိနေတဲ့ ရဲရင့်သူ မှာ မယ်ယမုံ ကိုသည်းခံခွင့်လွှတ်နိုင်ပြီး အိမ်ကသဘောတူထားတဲ့ ညိုညိုဇင် နဲ့ ရဲရင့်သူ ကိုထုံးစံအတိုင်းသဝန်တိုတတ်တဲ့ မယ်ယမုံ မှာ သဝန်တို ရစ်ခဲ့ပေမယ့် ရဲရင့်သူ မှာသည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်တဲ့နေ့ကိုရောက်လာခဲ့တော့ ရဲရင့်သူ မှာ မယ်ယမုံ နဲ့ပတ်သတ်ပြီးဘယ်လိုတွေဆုံးဖြတ်မလဲ … လမ်းခွဲမလားဆိုတာ… ညိုညိုဇင် မှာလည်း သိပ်ချစ်တဲ့ချစ်သူနှစ်ဦးအပေါ်ဘယ်လိုတွေဆုံးဖြတ်ချက်ချမလဲ …