မင်းမော်ကွန်း

နယူးဗားရှင်း (အမြင်သစ်)

“ဘဝမှာအစစအရာရာအလွဲတွေနဲ့ကံဆိုးမှုတွေကျရောက်နေတဲ့ ကံကောင်း တစ်ယောက်ကံကောင်းပြီးသူဌေးသမက်အဖြစ်ကိုရောက်ရှိခဲ့ပေမယ့်ကံမကောင်းမှုတွေဘယ်လိုရောက်ရှိလာမလဲ…ကံမကောင်းမှုတွေပြီးတော့ကံကောင်းမှုတွေဘယ်လိုပြန်ရောက်လာမလဲ…နာမည်နဲ့မလိုက်အောင်ကံကောင်းမှုနဲ့ကံမကောင်းမှုကြားမှာ ကံကောင်း တစ်ယောက် ရှင်းသန့်ချို နဲ့တွေ့မှထာဝရကံကောင်းမလား ကံမကောင်းဘူးလားဆိုတာ နယူးဗားရှင်းရဲ့ဟာသဆန်မှုတွေနဲ့ဘယ်လိုပုံဖော်သွားမလဲ…”

ပင်လယ်ကြီးကဘာပြောလဲ

“ပင်လယ်ကြီးရှိတဲ့ငွေချောင်းသာရဲ့ဟော်တယ်တစ်ခုမှာဘယ်လိုလူတွေလာရောက်စုဝေးပြီးဖူးစာဖက်တွေဖြစ်ကြမလဲ….သူဌေးလိုလိုအူကြောင်ကြောင် နေကင်းနဲ့ အဆိုတော် အောင်ဖေ တို့မှာ ရွှေစင် ဆိုတဲ့ကောင်မလေးနဲ့ သုံးပွင့်ဆိုင်ဖြစ်ကြပြီး ဧကရာဇ် ၊ ယမထာ ၊ သီစင် ၊ သွင်ဦး နဲ့ ပိုက်ထွေး တို့မှာလည်းဘယ်လိုအပွင့်တွေဆိုင်ကြမလဲ…အဲလိုများပြားလွန်းတဲ့ ချစ်သူအပွင့်ဆိုင်ပြိုင်ပွဲကြီးကို ပင်လယ်ကြီးကဟာသဆန်ဆန်ဘယ်လိုပြောမလဲဆိုတာ….”

လူများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်

“ဒါရိုက်တာဖြစ်ချင်တဲ့ မိုးခါး နဲ့အပေါင်းအပါသူငယ်ချင်း ၄ ယောက်တို့မှာသိပ်ချစ်ကြတဲ့သူတွေဖြစ်ကြပြီး တစ်နေ့ မိုးခါး ရဲ့ရည်မှန်းချက်ပြည့်ဖို့အတွက်တတိုင်းမွှေး ဆိုတဲ့ကောင်မလေးရဲ့အကူညီနဲ့သရဲခြောက်တဲ့အိမ်ကြီးထဲကိုဘယ်လိုဝင်ရောက်သွားမလဲ … အိမ်ကြီးထဲမှာရှိတဲ့ ပစ္စည်းတစ်ခုကိုခိုးယူမိခဲ့ရာကအစပြုပြီး သူတို့သူငယ်ချင်း ၄ ယောက်မှာဘယ်လိုခြောက်ခြားစရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲ …”