ပက်ထရစ်ရှာ

ပဲခူးဆားနှင့်သူ၏ဗိုင်းရပ်စ်များ

“တူမလေး စုဒါနိုင် ကိုကျွေးမွေးစောင့်ရှောက်နေတဲ့ သြကြီး ကိုအခောက်နှစ်ယောက်ဖြစ်တဲ့ ပေါက်ပန်းနု နဲ့ မယ်တင်း တို့မှာထုံးစံအတုင်း နှစ်ယောက်ဘယ်လိုအပြိုင်အဆိုင်လုကြမလဲ … တစ်ယောကနဲ့တစ်ယောက်မတည့်ကြတဲ့ သြကြီး နဲ့ဘောပြား သူဇာမြတ်တို့ရဲ့အချစ်ဇာတ်လမ်းကဘယ်လိုဖြစ်မလဲ … အရာရာကိုဝင်ပါ တာကြောင့် ပဲခူးဆားလို့နာမည်ပေးခံရတဲ့ ထွန်းသစ်ဦး နဲ့ စုဒါနိုင်တို့မှာလည်း သတိုးရာဇာ နဲ့သုံးပွင့်ဆိုင်အချစ်ရေးကိုဘယ်လိုလုကြလဲ …”

နောင်ဂျိန်

“တောသားလေး မောင်အောင်ဘွား ဆီကိုစာတစ်စောင်ရောက်လာခဲ့ရာကအစပြုပြီးသူငယ်ချင်းဖြစ်သူနဲ့ရန်ကုန်ကိုတတ်ခဲ့တော့ ပပ ဆိုတဲ့ကောင်မလေးနဲ့ဟာသဆန်ဆန်ဘယ်လိုတွေ့ဆုံကြမလဲဆိုတာ…အိမ်တစ်အိမ်တည်းကိုမထင်မှတ်ဘဲအတူတူရောက်နေကြတဲ့ မောင်အောင်ဘွား နဲ့ ပပ တို့ရဲ့ပတ်သတ်မှုကဘာဖြစ်မလဲ…မောင်အောင်ဘွား ဆီကိုရောက်လာတဲ့စာနဲ့ ပပ ဆီကိုရောက်တဲ့စာကအတူတူဖြစ်ခဲ့ရာ အဲဒီစာကဘာစာလဲ….”

ရည်းစားလာ ဂါထာရွတ်တဲ့ လိပ်ပြာ

ကျော်ကျော်ဝင်းမြင့် မှာအိမ်သဘောတူထားပေမယ့်အချစ်စစ်ကိုလိုချင်တာကြောင့် ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရဖို့အတွက်မြားနတ်မယ်အဖြစ်ကူညီပေးတဲ့ မာမာ နဲ့ပေါင်းကာ ပင်လယ်ဖြူ ရဲ့အချစ်ကိုဟာသဆန်ဆန်လေး ဘယ်လိုတွေကြိုးစားသွားမလဲ … အမှန်တကယ်ပဲ ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရပါ့မလား … မြားနတ်မယ်အဖြစ်ကူညီနေတဲ့ မာမာ ရဲ့အချစ်ကဘယ်သူ့ဆီကိုရောက်သွားမလဲ ….

တံခါးလေးစေ့ထားရုံ

ရာစု မှာရည်းစားများပေမယ့် မေ နဲ့မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပေမယ့် ရာစု နဲ့ မေ မှာလိုတာထက်ပိုပြီး သံယောဇဉ်တွေဖြစ်ခဲ့ရတာကြောင့် သူငယ်ချင်းဆိုတဲ့ စည်းခြားနေခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ဖွင့်မပြောဘဲနေလာခဲ့ရင်း နှစ်ပေါင်းများစွာကြာလာခဲ့တော့ မေ ရဲ့ရည်မှန်းချက်အတိုင်း Fashion Designer တစ်ယောက်ဖြစ်ခဲ့သည့်တိုင် ရာစု နဲ့ မေ မှာ ချစ်သူတွေမဖြစ်ခဲ့ဘဲနေလာခဲ့ရင်း တစ်နေ့ ရာစု မှ မေ ကိုချစ်ရေးဆိုလိုက်ချိန်မှာတော့ မေ ကပြန်ချစ်နိုင်ပါတော့မလား …. ဒါမှမဟုတ် မေ ကဘယ်သူနဲ့လက်ထပ်မလဲဆိုတာ …..