ဆန်းထွဋ်

အသက်ကိုအသက်ထက်ပို၍ချစ်သည်

“မိုးမြင့်ဖြူ နဲ့ မေသက်မောင် တို့မှာသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြပေမယ့် မိဘမျိုးရိုးအဆက်ဆက်ကမ္ဘာရန်သူတွေဖြစ်ကြတော့ သူတို့ချစ်သူနှစ်ဦးမှာခိုးပြေးခဲ့ရာကအစပြုပြီး အသက် ရဲ့ရောဂါကိုကုသဖို့အတွက် မိုးမြင့်ဖြူ တစ်ယောက်ကြိုးစားရှာဖွေရင်း အသက် ကိုကုသနိုင်ခဲ့ပေမယ့် မိုးမြင့် ကဘာဖြစ်သွားမလဲ …အသက် ကို အသက်ထက်ပိုပြီးချစ်တဲ့အကြောင်း ဘယ်လိုသက်သေပြသွားမလဲဆိုတာ …”

သတိဆေးမထိုးရ

“ကိုဖြိုး မှာမန်နေဂျာတစ်ယောက်ဖြစ်ခါကာစအချိန်မှာသူဌေးရဲ့စမ်းသပ်မှုတစ်ခုကိုလက်ခံခဲ့ရာကအစပြုပြီး ကိုဖြိုး တစ်ယောက် အဲဒီစမ်းသပ်မှုဒဏ်ကိုမခံစားရခင်မှာ ရီဝင်း နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်းမှ စမ်းသပ်မှုရဲ့ဒဏ်ကိုခံခဲ့ရတော့ သူဌေးရဲ့စမ်းသပ်မှုမှာအောင်မြင်သော်ငြားလည်း ကိုဖြိုး မှာသဘာဝကိုဆန့်ကျင်တဲ့ဖြစ်ရပ်တစ်ခုကို တစ်နှစ်တာပတ်လုံးရင်ဆိုင်ရမယ့်အဖြစ်ကိုရောက်ရှိသွားပေမယ့်လည်း ရီဝင်း မှာချစ်သူရဲ့အဖြစ်ကိုစာနာနားလည်ပေးပြီးဂရုစိုက်ချစ်နေပေမယ့် ကိုဖြိုး ရဲ့ရင်ဆိုင်ရမယ့်အဖြစ်ကဘာလဲ …. စမ်းသပ်မှုဆိုတာကကောဘာလဲ….”