ခိုင်သင်းကြည်

သားဘီလူး

“ဘီဘူး လှဦး ရဲ့သားတွေဖြစ်ကြတဲ့ လှထူး နဲ့ လှကျူး တို့မှာအဖေရဲ့ဂုဏ်ကိုထိန်းပြီးရွာကဘယ်လိုဟာသဆန်ဆန်ဗျောင်းဆန်အောင်လုပ်သွားမလဲ…လှထူး နဲ့ လှကျူး တို့နှစ်ယောက်ချစ်ရတဲ့ မွှေးလွန်း ကိုသူတို့နှစ်ယောက်စလုံးရဲ့ကြင်ယာတော်အနေနဲ့ဟာသဆန်ဆန်ဘယ်လိုခိုးပြေးကြလဲ…ဘီလူး လှဦး ရဲ့သား သားဘီလူး အဖြစ်ကနေ မြေးဘီလူး အဖြစ်ရွာကိုဘယ်လိုပြန်ရောက်လာကြမလဲဆိုတာ…”

ရပ်ကွက်ဘုရင်မ (၂)

“သူဌေးကြီး ဦးပလာတာ မှာမိန်းမအများကြီးယူခဲ့ရာနောက်ဆုံး တင်တင်စိန် ဆိုတဲ့ မိန်းမကိုယူပြီးနောက်ပိုင်းဆုံးပါးသွားတော့ ဦးပလာတာ ရဲ့ လျှို့ဝှက်ထားတဲ့ရတနာမြေပုံ မှာတစ်ခုတည်းမဟုတ်ဘူး ၄ စိပ်ဖြစ်နေခဲ့ပြီး တစ်နေရာဆီကိုရောက်နေခဲ့ရာကအစပြုပြီး တစ်နေရာဆီရောက်နေတဲ့ ရတနာမြေပုံမှာ တစ်နေရာတည်းဖြစ်ဖို့အတွက်ဘယ်လိုဟာသတွေဆန်ပြီးဂယက်ထနေကြမလဲ … လောဘသားကောင်တွေနဲ့ ရတနာမြေပုံ ဘယ်လိုတွေဂယက်ထမလဲဆိုတာ ….”

ငါ့အကယ်ဒမီ

“မင်းသမီး နန့်နန့်ပြာ နဲ့ မင်းသမီး လွန့်လွန့်လူး တို့မှာတစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေဖြစ်ကြပြီး ချစ်ရတဲ့ချစ်သူမှာလည်း မထင်မှတ်ဘဲတစ်ယောက်တည်းဖြစ်နေခဲ့တော့ နန့်နန့်ပြာ နဲ့ လွန့်လွန့်လူး တို့ရဲ့အချစ်ဇာတ်လမ်းဘယ်လိုအဆုံးသတ်မလဲ … အနုပညာလောကကို ဖွလိုက်မယ့် ဂျာနယ်တိုက်ကလည်းဘယ်လိုလိုက်ဖွမလဲဆိုတာ … နန့်နန့်ပြာ နဲ့ လွန့်လွန့်လူး တို့ရဲ့အပြိုင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီရမယ့်သူကဘယ်သူဖြစ်မလဲ …”

ပါဏာတိပါတာ

ဘဟိန်း မှာပညာမတတ်ပေမယ့် မိသားစုကိုရိုးရိုးသားသား လုပ်ကျွေးနေပေမယ့်ဘဟိန်း ရဲ့အကျင့်မှာရပ်ကွက်ထဲကိစ္စများကို နေရာတကာဝင်ပါမိတာကြောင့် ဇနီးဖြစ်သူ ခိုင်ခိုင်ကြည် မှာဆုံးပါးခဲ့ရတော့ သမီးဖြစ်သူ နှင်းစက် မှာဖခင်ဖြစ်သူ ဘဟိန်း ကိုစက်ချုပ်သမဘဝနဲ့ လုပ်ကိုင်ကျွေးမွေးပြီး မောင်နှစ်ယောက်ကို စောင့်ရှောက်ပြီး မထင်မှတ်ဘဲ သာယာအေးချမ်းနေတဲ့ နှင်းစက် ဘဝထဲကို ရဲရင့် နဲ့ ပတ်သတ်မိရာကအစပြုပြီး ကံကြမ္မာဆိုးတစ်ခုကဝင်ရောက်ခဲ့တော့ ဘဟိန်း မှာဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ …. ပါဏာတိပါတာ ဆိုတဲ့အဓိပ္ပါယ်ကိုကော ဘယ်လိုပုံဖော်မလဲဆိုတာ …